ကလေးကို ငှက်ပျောသီး ကျွေးပေးရင် ဘယ်လိုအကျိုးရှိမလဲ
ငှက်ပျောသီးဆိုတာက ကလေးတော်တော်များများ နှစ်ခြိုက်ကြသလို စားလို့လည်း ကောင်းပါတယ်။ ဒီလောက်နဲ့ ပြီးသွားလား ဆိုတော့ မဟုတ်သေးပါဘူး။ ငှက်ပျောသီးက သားသားမီးမီးတို့အတွက် ကောင်းကျိုးလည်း များပါတယ်။
မွမွလေးနဲ့ ကြိတ်ခြေရလွယ်တဲ့ ငှက်ပျောသီးကို သားသားမီးမီးတို့ ၈ လကျော်လောက် ရောက်ပြီဆိုရင် စကျွေးလို့ ရပါပြီ။ တကယ်ကတော့ ကလေးက အစာမာ စစားနိုင်ပြီဆိုရင်ကို ကျွေးလို့ ရတာပါ။ အစာနင်တာမျိုး မဖြစ်စေဖို့တော့ ဂရုစိုက်ဖို့ လိုတာပေါ့။
ကလေးကို ငှက်ပျောသီး ကျွေးပေးရင် ဘာတွေကောင်းမလဲ ဆိုတော့
အစာကြေလွယ်တယ်
ငှက်ပျောသီးက အစာကြေလွယ်ပြီး ကလေးကို ဝမ်းပျက်ဝမ်းလျှောတာ အပါအဝင် အမျိုးမျိုးသော အစာခြေစနစ်ပြဿနာတွေ ကင်းစေဖို့ရော သက်သာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ဝမ်းချုပ်မှု ကင်းစေတယ်
ကလေးက ဝမ်းချုပ်တတ်တယ်ဆိုရင်တော့ ငှက်ပျောသီး ကျွေးပေးလို့ ရပါတယ်။ ငှက်ပျောသီက ဖီးကြမ်းကို မီးလေးကင်ပြီး ကျွေးတာ ပိုအဆင်ပြေပါတယ်။
အာဟာရ ပြည့်ဝစေတယ်
ငှက်ပျောသီးက ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကလေးကို အာဟာရ ပြည့်ဝစေပြီး ကောင်းကောင်း ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
နှလုံး ကျန်းမာစေတယ်
ငှက်ပျောသီးက ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို ကလေးတွေမှာလည်း နှလုံးနဲ့ နှလုံးသွေးကြောလေးတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အရိုးတွေ သန်မာစေတယ်
ငှက်ပျောသီးက သားသားမီးမီးတို့ရဲ့ အရိုးတွေ ကြံ့ခိုင် သန်စွမ်းစေဖို့လည်း ထောက်ကူပေးပါတယ်။
အမြင်အာရုံ ဖွံ့ဖြိုးစေတယ်
ငှက်ပျောသီးမှာ ကလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် ကလေးကို အမြင်အာရုံ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဦးနှောက် ဖွံ့ဖြိုးစေတယ်
ငှက်ပျောသီးက ကလေးရဲ့ ဦးနှောက်ကို ကောင်းစွာ ဖွံ့ဖြိုးစေနိုင်ပြီး ကလေးရဲ့ မှတ်ဉာဏ် ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်
ငှက်ပျောသီးက သံဓာတ်ဖြည့်ပေးနိုင်ပြီး ကလေးကို သွေးအားနည်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကလေးကို အသက်အရွယ်နဲ့ ကိုက်ညီမယ့် ပမာဏလေးအတိုင်း ငှက်ပျောသီးကို ပြင်ဆင်ကျွေးမွေးပေးတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေမှာပါ။
မွန်မွန်